သစ်ကြားသီးနှင့် ဆီးကျိတ်ကင်ဆာ
28-Feb-2017
ဆီးကျိတ်ကင်ဆာ ရောဂါသည် အမျိုးသားများတွင် ဖြစ်ပွားမှု အများဆုံး ကင်ဆာ တစ်မျိုး ဖြစ်သည်။ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှုမှာ အစားအစာ စားသုံးမှုနှင့် ဆက်နွှယ်သည် ဟု ဆိုသည်။ အစားအစာတွင် အဆီ ပါဝင်မှုမှာ ဆီးကျိတ်ကင်ဆာ အန္တရာယ် ပိုစေသည်။
The University of California Davis မှ သုတေသန ပညာရှင်များက သစ်ကြားသီး (သို့) သစ်ကြားသီးဆီသည် ဆီးကျိတ်ကင်ဆာ ကြီးထွားမှုကို နှေးကွေးသွားနိုင်သည်ဟု ထုတ်ဖော် ပြောကြားလိုက်သည်။ ထိုသို့ အာနိသင် ရှိခြင်းမှာ အိုမီဂါ-၃ ဖက်တီးအက်စစ်များ (Omega – 3 Fatty acids) ကြောင့် မဟုတ်ဟု ဆိုသည်။
၂၀၁၃ ခုနှစ် လေ့လာမှုတစ်ခု အရ သစ်ကြားသီး စားသုံးခြင်းသည် သွေးကြောများ၏ လုပ်ငန်းကို ကောင်းမွန် မှန်ကန်စေပြီး သွေး၌ ကိုလက်စထရော ပါဝင်မှုကို မျှတစေသည်ဟု သိရသည်။ ယခင် လေ့လာမှုများတွင် သစ်ကြားသီးသည် ကြွက်များတွင် ဆီးကျိတ် အဖုအကျိတ်၏ အရွယ်အစားကို သေးငယ်သွားစေသည်ဟု ဖော်ပြခဲ့သည်။
သစ်ကြားသီး (သို့) သစ်ကြားသီးဆီမှာ သွေး၌ ကိုယ်လက်စထရောကို ကျစေပြီး ဆီးကျိတ်ကင်ဆာ ကြီးထွားမှုကို နှေးကွေးစေနိုင်သည်။ သစ်ကြားသီးသည် (Insulin-like growth factor) အင်ဆူလင်နှင့်တူသော ကြီးထွားစေသော ပစ္စည်းကို လျော့နည်းစေသည်။ ထိုမှတစ်ဆင့် အဖုအကျိတ် ကင်ဆာများ၏ ကြီးထွားမှုကို ဟန့်တားနိုင်ခြင်း ဖြစ်သည်။
ဆီးကျိတ်ကင်ဆာ ကြီးထွားမှုကို ကာကွယ်ရန် သစ်ကြားသီး အများအပြား စားသုံးရမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ သစ်ကြားသီး၏ အာနိသင်ကို ကြွက်များတွင် စမ်းသပ် လေ့လာခဲ့ခြင်း ဖြစ်ရာ လူတွင်လည်း အလားတူ အာနိသင် ရှိမည်ဟု ရှင်းလင်း စွာ ပြောကြားနိုင်ခြင်း မရှိသေးပေ။ သစ်ကြားသီး စားသုံးခြင်းသည် မှတ်ဉာဏ် ယိုယွင်းစေနိုင်သည်ဟု ဆိုသည်။ သစ်ကြားသီးတွင် အိုမီဂါ-၃ ဖက်တီးအက်စစ်များ ပါဝင်သဖြင့် ကျန်းမာရေးအတွက် ကောင်းမွန်သည်ဟု ဆိုနိုင်ပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
ကျန်းမာရေးဆိုင်ရာ သတင်းနှင့်ဗဟုသုတများ စာအုပ်မှကောက်နှုတ်ထားပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

